
အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန်က ဂရန်းစျေးမှာ ဇန်နဝါရီ ၆ ရက်က ဆိုင်ရှင်တွေ ဆက်ပြီး ဆန္ဒပြနေတာကို မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။
ဆန္ဒပြသူတွေက အီရန်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့နေချိန်မှာ ဓာတ်ငွေ့ဘူးတွေနဲ့ ပစ်ပေါက်နေတာကို တွေ့ရပါတယ်။
အီရန်မှာ ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွနှုန်း မြင့်တက်လာမှုကြောင့် ဆန္ဒပြပွဲ ပထမ ၉ ရက်အတွင်း လူ ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
အီရန်ရဲတပ်ဖွဲ့အကြီးအကဲက ဒီအဓိကရုဏ်းသမားတွေထဲက နောက်ဆုံးတယောက်ကိုပါ ကိုင်တွယ်ဖြေရှင်းမယ်လို့ အင်္ဂါနေ့မှာ ကတိပြုခဲ့ပါတယ်။ အာဏာပိုင်တွေက စီးပွားရေးနဲ့ပတ်သက်တဲ့ ဆန္ဒပြပွဲတွေဟာ တရားဝင်ပြီး ဆွေးနွေးဖြေရှင်းမယ်လို့ ပြောခဲ့ပါတယ်။
အကြမ်းဖက်မှုနဲ့ လမ်းပေါ် ထိပ်တိုက်တွေ့မှုတွေကြားမှာ ဆန္ဒပြပွဲတချို့က မျက်ရည်ယိုဗုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters


