
အစ္စရေးအတွက် သူလျှိုလုပ်မှု၊ အီရန်အတိုက်အခံအဖွဲ့တွေနဲ့ ဆက်နွှယ်မှုတို့နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားတယောက်ကို အီရန်အစိုးရက ဒီဇင်ဘာ ၂၀ ရက်မှာ ကွပ်မျက်လိုက်တယ်လို့ တရားစီရင်ရေးဌာနရဲ့ မီဇန်သတင်းဌာနက ဖော်ပြပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် အစ္စရေးနဲ့ လက်ဝေခံစစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ အီရန်ဟာ အစ္စရေး ထောက်လှမ်းရေးအဖွဲ့နဲ့ ဆက်နွှယ်မှုရှိပြီး နိုင်ငံအတွင်း သူ့လုပ်ငန်းတွေကို လွယ်ကူချောမွေ့ အောင် ဆောင်ရွက်ပေးနေတယ်လို့ စွပ်စွဲခံရသူ အများအပြားကို ကွပ်မျက်ခဲ့တာပါ။
အသက် ၂၇ နှစ်အရွယ် ဗိသုကာကျောင်းသား အဂယ်လ်ခဲ့ရှာဗာ့ဇ်အဖြစ် သူတို့ဖော်ထုတ်ခဲ့တဲ့ အမျိုးသားတယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး ရယူထားတဲ့ ဝန်ခံချက်တွေအပေါ် အခြေခံပြီး အစ္စရေးအတွက် သူလျှိုလုပ်မှုနဲ့ ဆက်စပ်တဲ့ စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခဲ့တယ်လို့ အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့က X လူမှုကွန်ယက်ပေါ်ကနေ ပြောပါတယ်။
အီရန်-အစ္စရေးပဋိပက္ခဟာ ဇွန်လမှာ စစ်ပွဲအဖြစ် တင်းမာမှု မြင့်တက်လာခဲ့ပြီး အစ္စရေးက အီရန် နိုင်ငံအတွင်း မော့ဆက်ထောက်လှမ်းရေးတပ်ရဲ့ အထူးစစ်သည် ကွန်မန်ဒိုတွေကို တပ်ချထားတာ အပါအဝင် အီရန်နိုင်ငံထဲက ပစ်မှတ်အမျိုးမျိုးကို တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးအတွက် သူလျှိုလုပ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အီရန်နိုင်ငံသားတွေကို ကွပ်မျက်မှုတွေဟာ အခုနှစ်ထဲမှာ သိသိသာသာ မြင့်တက်လာခဲ့ပြီး မကြာသေးမီလတွေအတွင်း လူအမြောက်အမြားကို သေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။


