
အီရန်အာဏာပိုင်တွေဟာ အိုမန်ပင်လယ်မှာ မှောင်ခိုလောင်စာဆီ လီတာ ၆ သန်းကျော် တင်ဆောင်လာတဲ့ နိုင်ငံခြားရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးခဲ့တယ်လို့ ဟောမုဇ်ဂံ တရားစီရင်ရေးဌာန အကြီးအကဲက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မှာ အဖမ်းခံရတဲ့ သင်္ဘောပေါ်မှာ အိန္ဒိယ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က သင်္ဘောသား ၁၈ ယောက်ပါတယ်လို့ တရားသူကြီးချုပ် မူချ်တာဘာ ဂါရမာနီက ပြောပါတယ်။
အီရန်အစိုးရက သင်္ဘောသားအားလုံးကို ဖမ်းထားတယ်လို့ အီရန်မီဒီယာတွေက သတင်းထုတ်ပါတယ်။
သင်္ဘောပေါ်မှာ ကုန်ပစ္စည်း ဒါမှမဟုတ် ပင်လယ်ခရီးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဒါမှမဟုတ် မှတ်တမ်းတွေမရှိဘဲ လမ်းကြောင်းပြစနစ်နဲ့ အနေအထားညွှန်ပြစနစ်တွေကို ပိတ်ထားတယ်လို့ တရားသူကြီးချုပ်က ပြောပါတယ်။
ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းအနိမ့်ဆုံးနိုင်ငံတချို့ထဲမှာပါတဲ့ အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို ကုန်းလမ်း၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေဆီကို ပင်လယ်ကွေ့ကနေတဆင့် လောင်စာဆီမှောင်ခိုမှု များလာတာကို တိုက်ဖျက်နေပါတယ်။
Source: Reuters


