
အီရန်နိုင်ငံမှာ လပေါင်းများစွာ မိုးခေါင်ရေရှားပြီး ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေအကျပ်အတည်း ဖြစ်ပေါ်ခဲ့တာကြောင့် အာဏာပိုင်တွေဟာ သီတင်းပတ်ကုန်မှာ မိုးအတုရွာချဖို့ လုပ်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၇ ရက်က အနောက်ပိုင်းဒေသတချို့မှာ မိုးရွာသွန်းခဲ့လို့ ရေကြီးရေလျှံ ခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ မိုးလေဝသ အဖွဲ့အစည်းဟာ တနင်္လာနေ့အတွက် အနောက်ပိုင်းပြည်နယ် ၆ ခုမှာ ရေကြီးရေလျှံမှု သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အီရန်နိုင်ငံရဲ့ ပြည်နယ် ၃၁ ခုထဲမှာ ၁၈ ပြည်နယ်မှာ မိုးရွာသွန်းမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။
အီရန်မီဒီယာတွေမှာ မျှဝေထားတဲ့ လူမှုမီဒီယာ ဗီဒီယိုမှာ အီးလမ်ပြည်နယ်မှာ မြစ်ရေလျှံတာနဲ့ အသေးစား ရေကြီးရေလျှံမှု ဖြစ်တာကို မြင်တွေ့ရပါတယ်။
အီရန်မိုးလေဝသအဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက်မှာ အနောက်ပိုင်းပြည်နယ် ၆ ခုအတွက် ရေကြီးရေလျှံ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
အီရန်နိုင်ငံတဝန်း မိုးရေချိန်ဟာ ပျမ်းမျှထက် ၈၅ ရာခိုင်နှုန်း လျော့နည်းနေတာကြောင့် ရေလှောင်ကန်တွေမှာ ရေအဝင်မရှိလို့ ရေခန်းခြောက်ကုန်ပြီး မြို့တော် တီဟီရန်ရဲ့ အစိတ်အပိုင်းတွေ အပါအဝင် ရေပေးဝေရတဲ့ ရေပိုက်ခေါင်းတွေလည်း ခန်းခြောက်နေရပါတယ်။
စီမံခန့်ခွဲမှုညံ့ဖျင်းတာ၊ တရားမဝင် ရေတွင်းတူးဖော်တာနဲ့ ထိရောက်မှုမရှိတဲ့ စိုက်ပျိုးရေး လုပ်ဆောင်မှုတွေကြောင့် ဒီအကျပ်အတည်းကို ဖြစ်စေခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုကြောင့်လည်း ပိုမိုဆိုးရွားလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
Source: Reuters


