
အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ဟာ နိုင်ငံခြားခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ ၂ ရက် ကြာစစ်ရေးလေ့ကျင့်မှုအတွင်း ဒီဇင်ဘာ ၅ ရက်က ပင်လယ်ကွေ့ရှိ ပုံစံတူ ဖန်တီးထားတဲ့ ပစ်မှတ်တွေကို ပဲ့ထိန်းဒုံးကျည်နဲ့ ခရုဇ်ဒုံးကျည်တွေ လေ့ကျင့်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ Press TV က ထုတ်ပြန်ပါတယ်။
အစောပိုင်းမှာ အီရန်ဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေနဲ့အတူ အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်ခန်းတခုကို ကျင်းပခဲ့ပါတယ်။
နိုင်ငံပိုင် Press TV ရဲ့ အဆိုအရ ဒီလေ့ကျင့်ခန်းဟာ အိမ်နီးချင်းနိုင်ငံတွေကို “ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု” ၂ မျိုးလုံးကိုပြသဖို့နဲ့ ရန်သူတွေကိုလည်း “မှားယွင်းတဲ့ တွက်ချက်မှုတိုင်းဟာ အဆုံးအဖြတ်တုံ့ပြန်မှုကို ကြုံတွေ့ရလိမ့်မယ်”ဆိုတာကို သတိပေးဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။
ဇွန်လက အစ္စရေးနဲ့ အီရန်တို့ အကြား ၁၂ ရက်ကြာ လေကြောင်းစစ်ပွဲအပြီးမှာ မြေပြင်နဲ့ ရေတပ် လေ့ကျင့်ခန်းတွေကိုပြုလုပ်ခဲ့ပြီး အဲဒီ အတောအတွင်း အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေကို အစ္စရေးနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာတွေမှာ ကာဒါ 110 ၊ ကာဒါ 380 နဲ့ ကာဒါ 360 ခရုဇ်ဒုံးကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည် ၃၀၃ စင်းကို အိုမန်ပင်လယ်ကွေ့ရှိ ပစ်မှတ်တွေကို အကြီးအကျယ် ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ ဒရုန်းတွေဟာ ရန်သူစခန်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။ IRGC ရေတပ်ဟာ ဒီဇင်ဘာ ၄ ရက်မှာ မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ အိုမန်ပင်လယ်ကွေ့မှာ သူ့ရဲ့စစ်ရေးလေ့ကျင့်ခန်းကို စတင်ခဲ့ပါတယ်။
Source: Reuters


