
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သမီးဖြစ်သူ ကင်မ်ဂျူအဲ တို့ဟာ ပြည်ပမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်မှုကို ဇန်နဝါရီ ၅ ရက်မှာ စစ်ဆေးခဲ့ပါတယ်။
ဇန်နဝါရီ ၆ ရက်က KRT မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ ကင်မ်ဂျုံအန်းဟာ သူ့သမီး၊ ဇနီးနဲ့အတူ သစ်ပင်စိုက်ပျိုးနေတာကို မြင်တွေ့ရပြီး ပါ့လက် ထရပ်ကားတစီးကိုလည်း မောင်းနှင်နေတာ တွေ့ရပါတယ်။
ရုရှားနဲ့ အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်အရ ၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားဟာ ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ စစ်သား ၁၄,၀၀၀ လောက်ကို စေလွှတ်ခဲ့ပြီး အဲဒီထဲက ၆,၀၀၀ ကျော်လောက် သေဆုံးခဲ့ကြောင်း တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်တိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကင်မ်ဂျုံအန်းဟာ သေဆုံးသွားတဲ့ စစ်သားတွေကို “တွန့်ဆုတ်ခြင်းမရှိ ကိုယ်ကိုယ်တိုင် စွန့်လွှတ်အနစ်နာခံတဲ့ သူရဲကောင်းတွေ” အဖြစ် ဖော်ပြခဲ့ပြီး “ပါတီရဲ့ အမိန့်ညွှန်ကြားချက်တွေကို အပြည့်အဝ သစ္စာရှိရှိ လိုက်နာနေတဲ့ အဲဒီလို စစ်တပ်တရပ်ကို ကမ္ဘာပေါ်မှာ ဘယ်သူမှ ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး” လို့လည်း ပြောပါတယ်။
Source: Reuters


