
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တာဝေးပစ် ဗျူဟာမြောက် ခရုစ်ဒုံးကျည် ပစ်လွှတ်မှုကို ဒီဇင်ဘာ ၂၈ ရက်က ကြီးကြပ်ခဲ့ပါတယ်။
ဒီစမ်းသပ်မှုဟာ နိုင်ငံရဲ့ နျူလက်နက်စွမ်းရည် ခိုင်မာမှုနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို တန်ပြန်တိုက်ခိုက်ဖို့ အသင့်ရှိတာကို အတည်ပြုလိုက်တာလို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။
ဒုံးကျည်တွေ ပစ်မှတ်ကို ထိမှန်ခဲ့တဲ့အပေါ် ကင်မ်ဂျုံအန်းက “အင်မတန်ကျေနပ်အားရတယ်” လို့ ပြောခဲ့ပါတယ်။
လုံခြုံရေးခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ နျူကလီးယားဟန့်တားမှုစွမ်းရည်ကို ပုံမှန်စစ်ဆေးတာဟာ “တာဝန်သိတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်” လို့လည်း ကင်မ်က ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီဝန်းကျင်မှာ ပြုံယမ်းမြို့နားကနေ ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့တာကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်တာ အပါအဝင် မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေဟာ “ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ပျက်ပြားစေတယ်” လို့ တောင်ကိုရီးယားဘက်က တုံ့ပြန်ပါတယ်။
၂၀၂၆ ခုနှစ် ပါတီညီလာခံမတိုင်ခင် စစ်ရေးနဲ့ စီးပွားရေး အရှိန်မြှင့်နေတဲ့ မြောက်ကိုရီးယားဟာ နှစ်သစ်ကူးကာလမှာ ဒုံးကျည်စမ်းသပ်မှုတွေ ထပ်လုပ်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
Source: Reuters


