
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီ နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုတဲ့ သတင်းစကားတစောင် ပေးပို့ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြား KRT က ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။
“၂၀၂၆ ခုနှစ် မျှော်လင့်ချက်ရှိတဲ့ နှစ်သစ်ကူးအခါသမယမှာ ရုရှားရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ သင့်လုပ်ငန်းမှာ ကျန်းမာရေးကောင်းမွန်ပြီး အောင်မြင်မှုပိုရဖို့ ရဲဘော်ရဲဘက် သမ္မတ ပူတင်အတွက် ကျနော် စိတ်ရင်းမှန်နဲ့ ဆုမွန်ကောင်းတောင်းပါတယ်” ဆိုတဲ့ ကင်မ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး KRT သတင်းဖတ်သူက ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ဒီဇင်ဘာ ၂၅ ရက်မှာ ဖော်ပြခဲ့တဲ့ ကင့်မ်အတွက် ပူတင်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားအပြီးမှာ ခုလို တုံ့ပြန်နှုတ်ခွန်းဆက်စကား ထွက်ပေါ်လာတာပါ။
ရုရှားနိုင်ငံအနောက်ပိုင်း ကာ့စ်ခ်ဒေသက စစ်ပွဲမှာ မြောက်ကိုရီးယားစစ်သည်တွေရဲ့ သူရဲကောင်းဆန်တဲ့ ပါဝင်မှုဟာ ၂ နိုင်ငံအကြား မဖျက်ဆီးနိုင်တဲ့ ချစ်ကြည်ရင်းနှီးမှုကို ရှင်းရှင်းလင်းလင်း သက်သေပြခဲ့တယ်လို့ ပူတင်က ပြောခဲ့တယ်လို့လည်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Source: Reuters


