
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ၂၀၂၅ ခုနှစ်ရဲ့ နောက်ဆုံး ၃ လပတ်မှာ အဓိက စစ်လက်နက် ခဲယမ်းစက်ရုံတွေကို သွားရောက်ခဲ့ပြီး နောက် ၅ နှစ်အတွင်း ဒုံးကျည်တွေကို ဆက်လက်ထုတ်လုပ်သွားမယ်လို့ အရိပ်အမြွက်ပြ ပြောကြားသွားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား KRT က ဒီဇင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကင်မ်ဂျုံအန်းက “နိုင်ငံရဲ့ ဒုံးကျည်နဲ့ ကျည်ဆန် ထုတ်လုပ်မှုကဏ္ဍဟာ စစ်ပွဲတားဆီးရေးကို မြှင့်တင်ရာမှာ အလွန်အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့ကြောင်းလည်း KRT က ဆိုပါတယ်။
KRT က ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေမှာ ကင်မ်ဂျုံအန်းနဲ့ တခြား မြောက်ကိုရီးယား အရာရှိတွေဟာ ခဲယမ်းစက်ရုံတဝိုက်ကို ကြည့်ရှုပြီး ဒုံးကျည်တွေရဲ့ အစိတ်အပိုင်းတွေလို့ ယူဆရတဲ့ ပစ္စည်းအပိုင်းအစတွေကို စစ်ဆေးနေတာ တွေ့ရပါတယ်။
အဲဒီဓာတ်ပုံတွေကိုတော့ ရိုက်တာက သီးခြား လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကင်မ်ဂျုံအန်းဟာ ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကျင်းပဖို့ မျှော်လင့်ထားတဲ့ အဓိက ပါတီညီလာခံကို တင်သွင်းမဲ့ အဓိကလက်နက်လုပ်ငန်းတွေကို ခေတ်မီအောင်ပြုလုပ်ဖို့အတွက် မူကြမ်း စာရွက်စာတမ်းတွေကို အတည်ပြုခဲ့ကြောင်း KRT က ပြောကြားခဲ့ပြီး အဲဒီညီလာခံမှာ နောက် ၅ နှစ်အတွက် မြောက်ကိုရီးယားအတွက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ချမှတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Source: Reuters


