
‘သံမဏိမိုး’ လေ့ကျင့်ခန်းတွေဟာ မဟာမိတ် တောင်ကိုရီးယားနဲ့အတူ စစ်ရေးစွမ်းရည်တွေ ခေတ်မီအောင် ဆောင်ရွက်ရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုကို မီးမောင်းထိုးပြနေပါတယ်။
တောင်ကိုရီးယားနိုင်ငံထဲက အမေရိကန်တပ်ဖွဲ့တွေဟာ မြောက်ကိုရီးယားနယ်စပ်နားမှာ ရော့ကတ်စနစ်အသစ် (MLRS) တွေကို ပစ်ခတ်လေ့ကျင့်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ခုအပတ်ထဲမှာ ကြေညာခဲ့ပါတယ်။
အမှတ် ၂၁၀ အမြောက်တပ်မဟာရဲ့ ၁-၃၈ အမြောက်တပ်ရင်းဟာ M270A2 အမျိုးအစား MLRS ဒုံးကျည်တွေကို ကိုရီးယားကျွန်းဆွယ်မှာ ဒီဇင်ဘာ ၁၁ ရက်ကစပြီး ပစ်ခတ်လေ့ကျင့်တဲ့ ပထမဆုံး တပ်ရင်း ဖြစ်လာတယ်လို့ အမေရိကန်စစ်တပ်က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။


