
မြောက်ကိုရီးယားဟာ စစ်ပွဲတားဆီးရေးနဲ့ ပတ်သက်တဲ့ စစ်ရေးလည်ပတ်နိုင်စွမ်းကို အကဲဖြတ်ဖို့ အသံထက်မြန်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြား KRTက ဇန်နဝါရီ ၅ ရက်မှာ ထုတ်လွင့်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဇန်နဝါရီ ၄ ရက်က လုပ်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုကို ကြည့်နေတဲ့ ဓာတ်ပုံလို့ KRT က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဒီဓာတ်ပုံတွေကို သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။
မကြာသေးမီက ပထဝီနိုင်ငံရေးအကျပ်အတည်းနဲ့ နိုင်ငံတကာ အခြေအနေအမျိုးမျိုးကြောင့် ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ နျူကလီးယား အဟန့်အတားကို ထိန်းသိမ်း၊ တိုးချဲ့ဖို့က အလွန်အရေးကြီးတဲ့ ဗျူဟာတရပ်ပဲလို့ ကင်မ်က ပြောပါတယ်။
ဒုံးကျည်တွေဟာ မြောက်ကိုရီးယားအရှေ့ဘက် ပင်လယ်ပြင်ပေါ် ၆၂၁ မိုင် အကွာက ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ KCNA ရုပ်သံမှာ ဖော်ပြပါတယ်။
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ တရုတ်နိုင်ငံဆီ နိုင်ငံတော်ခရီးစဉ် စတင်ချိန်မှာ မြောက်ကိုရီးယားက အရှေ့ဘက် ပင်လယ်ပြင်ဆီ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
Source: Reuters


