Home
မြန်မာသတင်း
မအူပင်မြို့တွင် မီးလောင်မှုဖြစ်ပွား၊ လူ ၂ သေဆုံးပြီး ၆ ဦး ဒဏ်ရာရ
DVB
·
January 6, 2026
Photo: AKT
Photo: AKT
Photo: AKT
Photo: AKT
Photo: AKT

ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် ၅ ရပ်ကွက် ၇ လမ်း တာပေါ် မှာရှိတဲ့ စက်သုံးဆီဆိုင်မှာ ဇန်နဝါရီ ၆ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၂ ယောက် သေဆုံးကာ ၆ ယောက် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မအူပင်မြို့ခံတွေဆီက သိရပါတယ်။

စက်သုံးဆီ ဆီဆိုင်ကနေ ပေါက်ကွဲသံ ထွက်လာပြီး မီး စတင်လောင်တာလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မီးလောင်ရာမှာ သွားရောက်ကူညီပေးသူ တယောက်က "မီးတောက်ကတော့များတယ်။ အောင်ချစ်ဆန်း စက်သုံးဆီအရောင်းဆိုင်မှာ မီးလောင်မှု ဖြစ်ပွားခဲ့တာ။ အိမ်ထဲ ပိတ်မိနေတဲ့ သူတွေ ကိုတော့ ကယ်ထုတ်ပြီး ဆေးရုံကြီးပို့ပေးနိုင်ပေမဲ့ မီးလောင်မှုကြောင့် ဆီဆိုင်မှာ အလုပ်လုပ်နေတဲ့ ခိုင်ကျော်စိုးဆိုသူအပါအဝင် အလုပ်သမား ၂ ယောက် မီးလောင်ဒဏ်ရာနဲ့သေဆုံးပြီး ၆ ယောက်က စိုးရိမ်ရတဲ့ အခြေနေတွေရှိတယ်” လို့ ပြောပါတယ်။

မီးလောင်မှုကို မအူပင်မြို့ မီးသတ်တပ်ဖွဲက မီးသတ်ကား ၅ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရ လူနာတွေကို ဗောဓိလူမှုရေး ပရဟိတအသင်း အလင်္ကာလူမှုကူညီရေး အသင်းကားတွေနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှု ဖြစ်ပွားရာနေရာကိုတော့ အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013