
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းပေါ် မာနာဒိုမြို့က အငြိမ်းစား ဂေဟာတခုမှာ မီးလောင်လို့ လူ ၁၆ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာရဲအရာရှိတယောက်က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
ငြိမ်းချမ်းသော သက်ကြီးရွယ်အိုများလို့ အဓိပ္ပာယ်ရတဲ့ ဝေယာဒါဒါမိုင် အငြိမ်းစားဂေဟာမှာ မီးလောင်မှုကို ဒီဇင်ဘာ ၂၈ ရက် နှောင်းပိုင်းမှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး အာဏာပိုင်တွေက အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ ရဲအရာရှိ အလမ်စီယာ ပီဟာစီဘူအန်က ပြောပါတယ်။
မက်ထရို တီဗီသတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံမှာတော့ အိမ်ထဲမှာ မီးလောင်နေပြီး ညကောင်းကင်က လိမ္မော်ရောင် ပြောင်းနေတာကို မြင်တွေ့ရပါတယ်။
ဒေသခံတွေက မီးလောင်နေတဲ့ အဆောက်အအုံကနေ သက်ကြီးရွယ်အိုတယောက်ကို လွတ်မြောက် အောင် ကူညီပေးနေပါတယ်။
အိမ်တွင်းနေထိုင်သူ အများစုက သက်ကြီးရွယ်အိုတွေဖြစ်ပြီး အဆောက်အအုံ အတွင်း ပိတ်မိနေကြတယ်လို့ မာနာဒို မီးသတ်ဌာန အကြီးအကဲ ဂျင်မီရိုတင်စူလူက မက်ထရိုရုပ်သံကို ပြောပါတယ်။
Source:Reuters


