
အိန္ဒိယကွန်မြူနစ်ပါတီအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာဟာ ဇန်နဝါရီ ၅ ရက်က တောင်ပိုင်းချန်နိုင်းမြို့မှာ ဆန္ဒပြခဲ့ပြီး ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ စစ်ရေးဝင်ရောက်စွက်ဖက်မှုနဲ့ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးမှုတွေကို ရှုတ်ချခဲ့ပါတယ်။
ဒီလုပ်ရပ်ကို နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဦးတည်တဲ့ အမေရိကန်ရဲ့ လွှမ်းမိုးမှုလုပ်ရပ် လို့ ဆန္ဒပြသူတွေက ခေါ်ဝေါ်လိုက်ပါတယ်။
ဇန်နဝါရီ ၃ ရက်မှာ ရေနံကြွယ်ဝတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ထရမ့်ပ်ရဲ့ ရဲရဲတင်းတင်း ဝင်ရောက်စီးနင်းမှုဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာလို့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဂျီရာမာခရစ်ရှနန်က ပြောပါတယ်။
ရာထူးကနေ ဖယ်ရှားခံရတဲ့ ဗင်နီဇွဲလားသမ္မတမာဒူရိုဟာ အမေရိကန်စစ်တပ်ဖမ်းတာခံရလို့ ရေနံကြွယ်ဝတဲ့ တောင်အမေရိကနိုင်ငံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာ ဖြစ်လာခဲ့ပါတယ်။
မာဒူရိုဟာ ရက်နည်းနည်း အကြာမှာ မန်ဟက်တန်တရားရုံးမှာ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှု စွဲချက်တွေကို ရင်ဆိုင်ရဖို့ရှိနေတယ်။
အသက် ၆၃ နှစ်အရွယ် မာဒူရိုနဲ့ သူ့ဇနီး စီလီယာ ဖလောရက်စ်တို့ဟာ အမေရိကန်တပ်ဖွဲ့တွေ ကာရာကပ်စ်မြို့တော်ကို ရုတ်တရက်ဝင်ရောက်စီးနင်းမှုမှာ အဖမ်းခံရပြီး ဘရွတ်ကလင်းမှာ အကျဉ်း ချခံခဲ့ရပါတယ်။
မာဒူရိုဟာ ကမ္ဘာ့ဇာတ်ခုံမှာ မဟာမိတ်နည်းနည်းသာ ရှိပေမဲ့ နိုင်ငံအများအပြားက နိုင်ငံခြား ခေါင်းဆောင် တယောက်ကို ဖမ်းဆီးခြင်းရဲ့ တရားဝင်မှုကို မေးခွန်းထုတ်ခဲ့ကြပြီး အမေရိကန် အနေဖြင့် နိုင်ငံတကာဥပဒေကို လေးစားဖို့ တောင်းဆိုခဲ့ကြပါတယ်။
Source: Reuters


