
မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့နောက်ခံလူ မာ့ဂေဟီကိုခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။
ချဲလ်ဆီးနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အဓိက ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဂဗာဒီယိုနဲ့ ရူဘင်ဒီယက်ဇ်တို့ ဒဏ်ရာရရှိခဲ့ပြီးနောက် အသင့်သုံးနိုင်မဲ့ ခံစစ်မှူးတယောက်အဖြစ် ဂေဟီကို ပစ်မှတ်ထားလာခဲ့တာပါ။
မန်စီးတီးဟာ ဝက်ဖို့ဒ်အသင်းဆီအငှားချထားတဲ့ နောက်ခံလူ မက်အလိန်းကိုလည်း ပြန်လည်ခေါ်ယူခဲ့တဲ့တိုင် ဂေဟီကို ခေါ်ယူဖို့ ချိတ်ဆက်လာခဲ့တာပါ။
နည်းပြဂွါဒီယိုလာကတော့ ဂျွန်စတုန်းစ်ဒဏ်ရာ ရရှိနေတဲ့အပြင် ဂဗာဒီယိုနဲ့ ဒီယက်ဇ်တို့ပါ ဒဏ်ရာ ထပ်ရသွားတာက ထိုးနှက်ချက်ဖြစ်ပြီး နသန်အကီဟာလည်း ပုံမှန်ကစားနိုင်စွမ်းမရှိသေးတာကြောင့် ဗဟိုခံစစ်အတွက် အဖြေရှာသွားရမှာဖြစ်ကြောင်းပြောပါတယ်။
ဂေဟီဟာ အခုနှစ်ရာသီအစက လီဗာပူးဆီပြောင်းရွှေ့ဖို့ ဆေးစစ်မှုလုပ်ဆောင်ခဲ့ပြီးမှ ခရစ္စတယ် ပဲလေ့အသင်းက အစားထိုးနိုင်မဲ့ကစားသမားခေါ်ယူနိုင်ခြင်းမရှိခဲ့တာကြောင့် အသင်းဆီ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
Photo: Reuters


