
စပါးတိုက်စစ်မှူး ဘရန်နန်ဂျွန်ဆင်ဟာ ခရစ္စတယ်ပဲလေ့အသင်းဆီ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ တော့မှာဖြစ်ပါတယ်။
ကစားသမားနဲ့ ကလပ် ၂ သင်းကြားမှာ တနင်္လာနေ့ကတည်းက အလုံးစုံသဘောတူညီမှုရရှိခဲ့ပြီး လက်ရှိအချိန်မှာ ဆေးစစ်မှုခံယူနေပြီဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိဝေးလ်တိုက်စစ်မှူး ဂျွန်ဆင်ဟာ ၂၀၂၃ ခုနှစ်ကတည်းက နော်တင်ဟမ်ဖောရက်စ် ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး မနှစ်ကရာသီက ၁၈ ဂိုးအထိသွင်းပြီးခြေစွမ်းပြခဲ့သူပါ။
အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၄ ဂိုးသွင်းယူထားပေမဲ့ စပါးအသင်းကရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။ ခရစ္စတယ်ပဲလေ့အသင်းဟာ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး ဘရန်နန်ဂျွန်ဆင်က အသင်းတိုက်စစ်ပိုင်းမှာ အားကိုးရမဲ့ ကစားသမားဖြစ်လာနိုင်သူအဖြစ် ခန့်မှန်းသုံးသပ်ကြပါတယ်။
Photo: Reuters


