
ခရစ္စတယ်ပဲလေ့အသင်းဟာ ယူရိုကွန်းဖရင့်လိဂ်မှာ ယူကရိန်းကလပ် ဒိုင်နမိုကိယက်ဗ်ကို ၂ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ သမိုင်းတလျှောက် ရှုံးပွဲမရှိ မှတ်တမ်း အရှည်ကြာဆုံးအဖြစ် စံချိန် တင်နိုင်ခဲ့ပါတယ်။
အက်ဖ်အေဖလားချန်ပီယံအသင်းဟာ အခုနှစ် ဧပြီ ၁၇ ရက်က နယူးကာဆယ်ကို ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံမှာ ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိ ဖြတ်သန်းလာခဲ့တာပါ။
အဲဒီ ၁၉ ပွဲမှာ လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတွေနဲ့ ပွဲစဉ်တွေလည်း ပါဝင်ပါ တယ်။
၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တာက အသင်းတည်ထောင်တဲ့ ၁၉၀၅ ခုနှစ်ကနေ စတင်ပြီး နှစ်ပေါင်း၁၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့တာပါ။
အသင်းရှိကစားသမားတွေက အောင်မြင်မှုကို အလွန်ဆာလောင်ကြပြီး ရည်မှန်းချက်လည်း ကြီးမားကြတာကြောင့် သူတို့ကို အာရုံစူးစိုက်မှု အားကောင်းအောင် ဆက်လက်ထိန်းသိမ်းရတာက လွယ်ကူကြောင်း နည်းပြဂလက်စ်နာက ပြောသွားပါတယ်။
Photo: Reuters


