
ဘက်တစ်နဲ့ပွဲမှာ ဟတ်ထရစ်သွင်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ် လူငယ်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာဟာ လူငယ်တွေအတွက် စံပြကစားသမားဖြစ်ကြောင်း နည်းပြ အလွန်ဆိုက ချီးကျူးသွားပါတယ်။
အသက် ၂၁ နှစ်ရှိ တိုက်စစ်မှူးဟာ အမ်ဘာပေ ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ဘတ်တစ်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟတ်ထရစ် ၃ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဂွန်ဇာလိုဟာ အသင်းနဲ့ ပထမဆုံးရာသီမှာပဲ ဘာနေဗျူးမှာ သူ့ရဲ့အိပ်မက်ကို အမှန်တကယ် ဖြစ်လာစေခဲ့ပြီး သူဟာဂိုးသွင်းဖို့ စိတ်အားထက်သန်သူ ဖြစ်ကြောင်း နည်းပြအလွန်ဆိုက ချီးကျူးပါတယ်။
ဂါစီယာဟာ ကွင်းတွင်း၊ ကွင်းပြင် ၂ ခုစလုံးမှာ ထူးချွန်ပြီး အသင်းရှိ ငယ်မွေးခြံပေါက် ကစားသမားတွေအတွက် စံပြကစားသမားလည်းဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။
ဂါစီယာဟာ ၂၀၂၃ ခုနှစ်ကတည်းက အသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့ပြီး အခုနှစ်ရာသီမှာ ပွဲစဉ် ၂၄ ပွဲအထိ ကစားခွင့်ရရှိထားကာ သွင်းဂိုး ၄ ဂိုး ရရှိထားပါတယ်။


