
ပေါ်တူဂီဖွား ဘရာဇီးတိုက်စစ်မှူး ပါဘလိုဖယ်လစ်ပီကို ယူရို ၂၅ သန်းနဲ့ ဝက်စ်ဟမ်းအသင်းက ခေါ်ယူလိုက်ပါတယ်။
အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူးဟာ ပေါ်တူဂီကလပ် ဟီလ်ဗီဆန့်တီအသင်းမှာ ၁၄ ပွဲကစား ၁၀ ဂိုးသွင်းခဲ့ပြီး အလားအလာရှိတဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူပါ။
သူဟာ ပေါ်တူဂီကလပ် ဖာမယ်လီကာအိုအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့ကာ ၂၀၂၄ ခုနှစ်က စတင်ပြီး ဗီဆန့်တီအသင်းမှာ ပြောင်းရွှေ့ကစားခဲ့တာပါ။
ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့ခွင့်ရတဲ့အပေါ် ဝမ်းမြောက်မိပြီး မိမိရဲ့တန်ဖိုးကို ပြသဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပါဘလိုဖယ်လစ်ပီက ပြောပါတယ်။
ပွဲစဉ် ၁၉ အပြီးမှာ အဆင့် ၁၈ ရောက်နေတဲ့ ဝက်စ်ဟမ်းက တပွဲ ပျမ်းမျှ ၁ ဒသမ ၁ ဂိုးသာ ရှိထားတာကြောင့် ပါဘလိုကို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။


