
ဝက်စ်ဟမ်းအသင်းဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် နှစ်ပေါင်း ၅၂ နှစ် အတွင်း အဆိုးရွားဆုံးရလဒ်နဲ့ ကြုံတွေ့နေရပါတယ်။
အင်္ဂလန်နည်းပြ ဂရေဟမ်ပေါ်တာနေရာမှာ အစားဝင်ခဲ့တဲ့ နူနိုဆန်တိုလက်ထက်မှာလည်း နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်ပြီး ပွဲစဉ် ၉ အပြီးမှာ အဆင့် ၁၉ နေရာအထိ ရောက်ရှိနေတာပါ။
ဝက်စ်ဟမ်းအသင်းဟာ ပွဲစဉ် ၉ အပြီးမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး ၁ ပွဲသရေ ၇ ပွဲရှုံး ရလဒ်ကြောင့် ၁၉၇၃-၇၄ ဘောလုံးရာသီပြီးနောက် အဆိုးရွားဆုံးရလဒ်နဲ့ ရင်ဆိုင်နေရတာပါ။
ကံမကောင်းစွာနဲ့ပဲ အသင်းမှာ ပြဿနာများစွာရှိနေပြီး ကစားတွေအနေနဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ထုတ်ပြန်နိုင်ဖို့လိုအပ်ပြီး လူမှန်နေရာမှန်ဖြစ်ဖို့လည်း လိုအပ်ကြောင်း ပေါ်တူဂီနည်းပြဆန်တိုက ပြောပါတယ်။
အသင်းအနေနဲ့ ခံစစ်ပိုင်းအမှားတွေရှိသလို တိုက်စစ်နေရာမှာလည်း ဘောလုံးလက်ခံရယူနိုင်တဲ့ ကစားသမားလိုအပ်ကြောင်း နည်းပြဆန်တိုက ပြောသွားပါတယ်။
Photo: Reuters




