
အသင်းပိုင်ရှင် နုတ်ထွက်ဖို့ ဝက်စ်ဟမ်းပရိသတ်တွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ခရစ္စတယ်ပဲလေ့ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် အသင်းပိုင်ရှင် ဒေးဗစ် ဆူလီဗန်နဲ့ ဒုတိဥက္ကဋ္ဌ ကာရင်ဘရက်ဒီတို့ကို ရာထူးကနေနုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြတာပါ။
ဝက်စ်ဟမ်းအသင်းဟာ နည်းပြဂရေဟမ်ပေါ်တာရဲ့လက်အောက်မှာ အဆင့် ၁၈ နေရာရောက်နေပြီး ရလဒ်ဆိုးရွားမှုတွေ ဖြစ်ပေါ်နေချိန်မှာ အသင်းပိုင်ရှင်တွေကို ပရိသတ်တွေက ဆန္ဒပြခဲ့ကြတာပါ။
အိမ်ကွင်းဟောင်း အပ်တန်ပါ့ခ်ကနေ လန်ဒန်အိုလံပစ်ကွင်းကို ပြောင်းရွှေ့မှုမှာလည်း ပရိသတ် အများစုက မကျေမနပ်ဖြစ်ခဲ့ပြီး ပိုင်ရှင်တွေဟာ အသင်းကို ၁၅ နှစ်ကြာ ဖျက်ဆီးခဲ့ကြောင်း ပရိသတ်တွေက ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
နည်းပြ ဂရေဟမ်ပေါ်တာရဲ့ အနာဂတ်ဟာလည်း မတည်မငြိမ်ဖြစ်လာပြီး မကြာခင် ထုတ်ပယ်ခံရလိမ့်မယ်လို့ မီဒီယာတွေက ခန့်မှန်းသုံးသပ်နေကြပါတယ်။