
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်တာတွေကို ရပ်တန့်ပြီး မတရား ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ ပြဿနာကို ရေရှည်ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် ထုတ်ပြန်ချက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ပြောဆိုတိုက်တွန်းထားတာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက တသားတည်း ရှိနေတယ်ဆိုတာကို ထပ်ပြီး အတည်ပြု ပြောကြားလိုတယ်လို့ ဆိုပါတယ်။
မာကို ရူဘီယို က “မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းပြီး တရားမျှတတဲ့၊ သာယာဝပြောတဲ့ အနာဂတ်ကို ရရှိနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်ပြီး ကူညီပံ့ပိုးပေးသွားမှာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အလွန်ပဲစိုးရိမ်မိပါတယ်။ ဒါကြောင့် စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အဟန့်အတားမရှိ ပေးဝေခွင့်ပြုဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီပြဿနာကို ရေရှည်ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်” လို့ ပြောပါတယ်။
ဒါဟာ လုံခြုံစိတ်ချရပြီး သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာဖို့အတွက်လည်း အလွန်ပဲ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။


