
ဖမ်းဆီးခံထားရတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်ရှိလာပြီလို့ သတင်းတွေက ဖော်ပြပါတယ်။
မာဒူရို နဲ့ ဇနီးတို့ဟာ နယူးယောက်မြို့ရှိ စတီးဝတ်အမျိုးသားအစောင့်တပ်ဖွဲ့ အခြေစိုက်စခန်းကို ဟယ်လီကော်ပတာနဲ့ ခေါ်ဆောင်လာတာပါ။
အမေရိကန်သမ္မတ ထရမ့်ပ် ဖော်ပြတဲ့ပုံထဲမှာ အမေရိကန်စစ်သင်္ဘောပေါ်မှာ မာဒူရို မျက်လုံးအုပ်ထားတဲ့ပုံကို တွေ့မြင်ရပါတယ်။ အမေရိကန်ဟာ မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် ဗင်နီဇွဲလားနိုင်ငံကို လုံခြုံပြီး တရားမျှတတဲ့ အကူးအပြောင်း ကာလအထိ ထိန်းချုပ်မယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။
ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးတာထက် ရေနံတူးယူဖို့ကိုပဲ ထရမ့်ပ်က အာရုံစိုက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ဗင်နီဇွဲလား ဒုသမ္မတ ဒေစီရိုဒရီဂတ်ဇ်က မာဒူရိုဟာ နိုင်ငံရဲ့ တဦးတည်းသော သမ္မတ ဖြစ်တယ်ဆိုတာလည်း ကြေညာထားတာ တွေ့ရပါတယ်။
မာဒူရိုကို ဖမ်းဆီးတာက စစ်ရေးအရ ရန်စကျူးကျော်မှုဖြစ်ပြီး ဗင်နီဇွဲလားမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
မာဒူရိုဟာ မူးယစ်ဆေးကုန်သွယ်မှု ခေါင်းဆောင်အဖြစ် စွပ်စွဲခံရမှုကို ငြင်းဆိုထားပေမဲ့ နယူးယောက်မြို့မှာ မူးယစ်ဆေးနဲ့ လက်နက်ကုန်သွယ်မှုတွေနဲ့ တရားစွဲခံရမှာ ဖြစ်ပါတယ်။ မာဒူရိုကို
အမေရိကန်နိုင်ငံက ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ ဘိုလီးဗီးယား၊ ချီလီ၊ စပိန်နိုင်ငံတို့မှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကတော့ ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြတာ တွေ့ရပါတယ်။
Source: Reuters


