
ဗင်နီဇွဲလားအာဏာရှင်သမ္မတ မာဒူရိုနဲ့ သူ့ဇနီးတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံပြင်ပကို လေယာဉ်နဲ့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အမေရိကန် သမ္မတဒေါ်နယ်လ်ထရမ့်ပ်က ဇန်နဝါရီ ၃ ရက် ဒီကနေ့ သူ့ရဲ့ ထရုသ်ဆိုရှယ် လူမှုမီဒီယာပို့စ်မှာ ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနိုင်ငံနဲ့ ခေါင်းဆောင်ဖြစ်တဲ့ သမ္မတ နီကိုလပ်စ်မာဒူရိုကို ရည်ရွယ်ပြီး အကြီးစား တိုက်ခိုက်မှု တရပ်ကို ဆောင်ရွက်ခဲ့ကြောင်းနဲ့ ဒီစစ်ဆင်ရေးကို အမေရိကန်ဥပဒေစိုးမိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီမှာ မာရာလာဂိုမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့လည်း ဆိုပါတယ်။
မာဒူရိုအပေါ် ထရမ့်ပ်က လနဲ့ချီ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်အပြီး ဒီမနက်အစောပိုင်းမှာ ဗင်နီဇွဲလား မြို့တော် ကရာကတ်စ်နဲ့ တခြားဒေသတွေမှာ ပေါက်ကွဲမှုအများအပြား ဖြစ်ပွားခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ ကရာကတ်စ် မြို့တော်နဲ့ မီရန်ဒါ၊ အာရဂွါနဲ့ လာဂွါရာပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ရဲ့ "စစ်ရေးကျူးကျော်မှု" ကို ပယ်ချကြောင်း ဗင်နီဇွဲလားနိုင်ငံက ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးမခံရသေးခင်မှာ မာဒူရိုဟာ အမျိုးသား အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့တွေကို စုစည်းဖို့ အမိန့်ပေးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က အမေရိကန်ဟာ နိုင်ငံရဲ့ ရေနံနဲ့ သတ္တုတွေကို သိမ်းပိုက်ဖို့ဖြစ်ပြီး ဒီအရင်းအမြစ်တွေကိုရယူမဲ့ အမေရိကန်ရဲ အစီအစဉ်က အောင်မြင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Source: Reuters


