
မန္တလေးဒေသအတွင်း စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေအချို့ကနေ စစ်ဗျူဟာသဘောအရ ယာယီဆုတ်ခွာခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မတ္တရာအရှေ့ခြမ်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းဒေသတချို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်က အလွန်အကျွံ လေကြောင်းတိုက်ခိုက်မှုနဲ့ သာလွန် အင်အားသုံး တန်ပြန်ထိုးစစ်တွေကြောင့် တိုက်ပွဲဝင်ရဲဘော်တွေ စစ်ပန်းလာတာ၊ လူအင်အားနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေကြောင့် ယာယီဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရေးကို ဆက်လက်ကူညီသွားမယ်လို့လည်း ပြောထားပြီး လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းကာ ပြန်လည်သိမ်းပိုက်သွားမယ်လို့ ကတိပြုထားပါတယ်။


