
တူရကီနိုင်ငံအရှေ့ပိုင်းရှိ ပြည်နယ်တွေမှာ မကြာသေးတဲ့ရက်ပိုင်းတွေအတွင်းက ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းမှုကြောင့် ဇန်နဝါရီ ၂ ရက်မှာ ကျေးရွာတွေနဲ့ ကျေးလက်ဒေသတွေကို သွားတဲ့ ရာနဲ့ချီတဲ့လမ်းတွေ ပိတ်ဆို့ ကုန်ပါတယ်။
ဗန်းန်ပြည်နယ်မှာ ကျေးရွာလမ်း ၆၂၅ လမ်း၊ မူးစ်မှာ ၃၆၈ လမ်း၊ တွန်းကျလိမှာ ၂၉၈ လမ်းနဲ့ ဆီးယာ့ထ်မှာ ၄၉ လမ်း အပါအဝင် အနီးနားက ပြည်နယ်တွေရှိ ရာပေါင်းများစွာသော တခြားလမ်းတွေ ပိတ်ဆို့ကုန်ကြောင်း နိုင်ငံပိုင် သတင်းဌာနကပြောပါတယ်။
ဆီးနှင်းရှင်းလင်းရေးယာဉ်တွေနဲ့ တခြားမြို့တော် ဝန်ထမ်းတွေဟာ ကျေးရွာလမ်းတွေအပြင် မြို့လယ်ခေါင်တွေမှာပါ ဆီးနှင်းရှင်းလင်းဖို့ ကြိုးပမ်းနေတာကို ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။
Source:Reuters


