
ပိုလန်နိုင်ငံမှာ နှင်းတွေ ထူထူထပ်ထပ်ကျနေလို့ မြို့တော်ဝါဆောနဲ့ ဘောလ်တစ်ဆိပ်ကမ်းက ကဒိုင့်စ်ခ်မြို့ကြား ကားလမ်းမကြီးပေါ်မှာ ကားတန်းကြီးက ညတွင်းချင်းမှာ ၂၀ ကီလိုမီတာအထိ ရှည်သွားတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။
ဒီအခြေအနေကြောင့် လူရာပေါင်းများစွာက သူတို့ကားတွေထဲမှာ အေးခဲနေတဲ့ အခြေအနေမှာ ပိတ်မိနေခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့မနက် အစောပိုင်းမှာ ယာဉ်ကြောပိတ်တာတွေ ပြန်ပွင့်လာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လမ်းတွေပေါ်က ခက်ခဲတဲ့အခြေအနေကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ အဆောက်အအုံဆိုင်ရာ ဒုတိယဝန်ကြီး စတန်နီစလော ဘူကိုဗစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရထားလမ်းတွေနဲ့ လေဆိပ်တွေမှာ အနှောင့်အယှက်တချို့ ရှိခဲ့ပေမဲ့ ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီလို့ နိုင်ငံပိုင်သတင်းဌာန PAP က ဖော်ပြပါတယ်။
Source: Reuters


