Home
နိုင်ငံတကာ
ပက်ထရီယော့ထ် ဒုံးကျည်စနစ်က တိုက်ပွဲဝင်ရန် အသင့်ရှိဟု ပိုလန် ကြေညာ
DVB
·
December 19, 2025
P

ပိုလန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုက တီထွင်ထားတဲ့ ပေါင်းစပ်တိုက်ပွဲကွပ်ကဲမှုစနစ် (IBCS) နဲ့ ပေါင်းစည်းထားတဲ့ သူ့ရဲ့ ပက်ထရီယော့ထ် လေကြောင်းနဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်တွေဟာ တိုက်ပွဲဝင်ဖို့အတွက် အပြည့်အဝအဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့ပြီး ဒါဟာ ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးကို ခေတ်မီအောင်လုပ်ဆောင်ရေး ကြိုးပမ်းမှုတွေထဲမှာ အဓိက ဖွံ့ဖြိုးတိုးတက်မှုတခုလည်း ဖြစ်ပါတယ်။

ပက်ထရီယော့ထ် လောင်ချာတွေဟာ ပိုလန်နိုင်ငံရဲ့ ဝစ္စလာ အစီအစဉ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး NATO ရဲ့ အရှေ့ဘက်ခြမ်းအပေါ် ဒုံးကျည်တွေ၊ လေယာဉ်တွေနဲ့ ဒရုန်းတွေ တိုက်ခိုက်မှုကို တန်ပြန်မဲ့ ပေါင်းစပ်လေကြောင်းကာကွယ်ရေးစနစ်တခုကို တည်ထောင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ပိုလန်ကာကွယ်ရေးဝန်ကြီး ဗွာဒစ္စဝါ့ဖှ် ကိုရှိညက်ခ် ကာမက်ရှ်က ပက်ထရီယော့ထ် တွေကို ပိုလန်ရဲ့ အဖိုးတန်ဆုံး အမျိုးသားကာကွယ်ရေးအစိတ်အပိုင်းအဖြစ် ဖော်ပြခဲ့ပြီး ခြိမ်းခြောက်မှုတွေကို ကြားဖြတ်တားဆီးဖို့ ကုန်ကျစရိတ် မြင့်မားတာကိုလည်း ထောက်ပြခဲ့ပြီး အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒရုန်းတွေ သို့မဟုတ် ဒုံးကျည်တွေကို လွှတ်တင်ခြင်းနဲ့ သူတို့ကို ခုခံကာကွယ်ရတဲ့ ကုန်ကျစရိတ်ဟာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ သို့မဟုတ် ဒရုန်းတွေရဲ့ ကုန်ကျစရိတ်ထက် အများကြီး မပိုရင်တောင် ၁၀ ဆလောက် ပိုများနေတယ်လို့လည်း ကိုရှိညက်ခ် ကာမက်ရှ်က ပြောပါတယ်။

အမေရိကန်သံအမတ်ကြီး သောမတ်စ်ရို့စ်က ပိုလန်ဟာ အမေရိကန်ပြည်ထောင်စုမှာတောင် မရှိတဲ့ ပေါင်းစပ်တိုက်ပွဲကွပ်ကဲမှုစနစ် (IBCS) နဲ့ ဦးဆောင်မှုကို ရယူခဲ့တာကြောင့် အခြေအနေက အရမ်းကို ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလှုပ်ရှားမှုဟာ ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပိုလန်လိုမျိုး NATO ရဲ့ အရှေ့ဘက်ခြမ်းရှိ နိုင်ငံတွေမှာ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးကို အားကောင်းစေဖို့ ဝါဆောရဲ့ ကြိုးပမ်းမှုမှာ နောက်ထပ်မှတ်တိုင်တခု ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် မတ်လမှာ ပိုလန်နိုင်ငံဟာ အမေရိကန်နဲ့ နည်းပညာပံ့ပိုးမှုနဲ့ လေ့ကျင့်မှု အပါအဝင် ပက်ထရီယော့ထ်အတွက် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပံ့ပိုးမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက အမေရိကန်ဟာ ပိုလန် လက်နက်အစီအစဉ်တွေအတွက် ချေးငွေနဲ့ အာမခံချက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ပေးအပ်ခဲ့ပါတယ်။

ပိုလန်ဟာ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၅ ခုနှစ်မှာ GDP ရဲ့ ၄ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၂၀၂၆ ခုနှစ်မှာ ၅ ရာခိုင်နှုန်း သုံးစွဲဖို့ ရည်မှန်းထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013