
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို နောက်ထပ် ၆ လကြာ ထပ်မံချုပ်နှောင်ထားဖို့ ဒေသန္တရ တရားရုံးတရုံးက အမိန့်အသစ် ထုတ်ပြန်ခဲ့ကြောင်း ယွန်ဟပ်ရုပ်သံသတင်းက ထုတ်လွှင့်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ ဆိုးလ်ရှိ တရားရုံးဟာ သမ္မတဟောင်းယွန်း ကို ၂၀၂၄ ခုနှစ်က သူ့ရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြိုးပမ်းမှုကြောင့် ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြီး ဒါဟာ ဒီအမှုကြောင့် ဒုတိယအကြိမ် ထိန်းသိမ်းခံရတာလည်း ဖြစ်ပါတယ်။
ဆိုးလ်ဗဟိုခရိုင် တရားရုံးဟာ အထူးအကြံပေး ဂျိုအွန်းဆော့ တောင်းဆိုထားတဲ့ ဖမ်းဝရမ်းကို ပြန်လည်သုံးသပ်မဲ့ ကြားနာမှုပြုလုပ်အပြီး နာရီတွေကြာပြီးနောက်မှာ အမိန့်ထုတ်ပြန်ခဲ့တာပါ။
ဂျိုအွန်းဆော့နဲ့ သူ့အဖွဲ့ဟာ စစ်အုပ်ချုပ်ရေး မကြေညာရသေးခင်လေးမှာ ကျင်းပတဲ့ အစည်းအဝေးကို လူအနည်းငယ်ကိုသာ ရွေးချယ်ခေါ်ယူခြင်းဖြင့် အစိုးရအဖွဲ့ဝင်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပါအဝင် အဓိကစွဲချက် ၅ ခုနဲ့ ဖမ်းဝရမ်းကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
တရားသူကြီးက သမ္မတဟောင်းဟာ သက်သေအထောက်အထားတွေကို ဖျက်ဆီးခြင်းနဲ့ ပတ်သက်တဲ့ စိုးရိမ်ချက်တွေကို ကိုးကားဖော်ပြခဲ့ကြောင်း ယွန်ဟက်ပ်သတင်းမှာ ဆိုပါတယ်။
ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ သမ္မတဟောင်းယွန်းနဲ့ သူ့ရှေ့နေတွေဟာ စွဲချက်အားလုံးကို ပယ်ချခဲ့ပြီးနောက် မြို့တော်အနောက်တောင်ပိုင်းရှိ ဆိုးလ် ထိန်းသိမ်းရေးစခန်းမှာ တရားရုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ အခုအကြိမ်ဟာ သမ္မတဟောင်း ယွန်းကို ဒုတိယအကြိမ် ဖမ်းဆီးတာ ဖြစ်ပါတယ်။
Source: Reuters


