
တောင်ကိုရီးယားနိုင်ငံရဲ့ အထူးအစိုးရရှေ့နေရုံးဟာ သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးရဲ့ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ကြိုးပမ်းမှု မအောင်မမြင် ဖြစ်ပြီးနောက် သူ့ကိုဖမ်းဆီးဖို့ ကြိုးပမ်းမှုတွေကို တားဆီးနှောင့်ယှက်မှုတွေ အပါအဝင် စွဲချက်တွေအပေါ် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ဖို့ တောင်းဆိုခဲ့တယ်လို့ ယွန်ဟက်ပ် သတင်းအေဂျင်စီက ဒီဇင်ဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန် ပါတယ်။
အစိုးရရှေ့နေတွေက ရာထူးကဖယ်ရှားခံရတဲ့ သမ္မတဟာ ဇန်နဝါရီလမှာ သမ္မတအိမ်တော် အတွင်းမှာ သူ့ကိုယ်သူ ပိတ်ဆို့ထားခြင်းအားဖြင့် သူ့ကိုဖမ်းဆီးဖို့ ကြိုးပမ်းနေတဲ့ စုံစမ်းစစ်ဆေးသူတွေကို တားမြစ်ပိတ်ပင်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
ထောင်ဒဏ် ၁၀ နှစ် ချမှတ်ဖို့ တောင်းဆိုမှုဟာ သမ္မတဟောင်း ယွန်း ရင်ဆိုင်နေရတဲ့ စွဲချက်ပေါင်း မြောက်မြားစွာအတွက် အထူးရှေ့နေတွေက တောင်းဆိုတဲ့ ပထမဆုံးထောင်ဒဏ် ဖြစ်ပါတယ်။
တရားရုံးဟာ ဇန်နဝါရီ ၁၆ ရက်မှာ ဆုံးဖြတ်ချက်ချမှတ်ဖို့ စီစဉ်ထားကြောင်း ယွန်ဟက်ပ် သတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။
Source: Reuters


