
ဖြုတ်ချခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးရဲ့ ပထမဆုံး တရားဝင် ရုံးတင်စစ်ဆေးမှုကို စက်တင်ဘာ ၂၆ ရက်မှာ စတင်လိုက်ပါတယ်။
ယွန်းဆွတ်ခ်ယိုးဟာ အရင်နှစ်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာနဲ့ ဆက်နွှယ်ပြီး အာဏာအလွဲသုံးစားလုပ်မှုနဲ့ တာဝန်ဝတ္တရားတွေကို နှောင့်ယှက်ခြင်းတွေနဲ့ အထူးအစိုးရရှေ့နေတယောက်ရဲ့ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
ဆိုးလ်ဗဟိုခရိုင်တရားရုံးဟာ မနက် ၁၀ နာရီ ၁၅ မိနစ်မှာ သမ္မတဟောင်း ယွန်း စွဲချက်တင်ခံထားရတဲ့ အမှုသစ်ကို ခေါ်ယူကြားနာခဲ့ပါတယ်။
ယွန်းဆွတ်ခ်ယိုးဟာ ဖမ်းဝရမ်းထုတ်တာကို စွက်ဖက်ခဲ့ပြီး အရေးပေါ်စည်းမျဉ်း ကြေညာချိန်အတွင်းမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
မီးခိုးရောင်ဆံပင် ခပ်တိုတိုပါးပါးနဲ့ အသက် ၆၄ နှစ်ရှိ ယွန်းဆွတ်ခ်ယိုးဟာ လည်စည်းမပါတဲ့ ရေတပ်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့ရဲ့ အကျဉ်းသားနံပါတ် “၃၆၁၇” လို့ အမှတ်အသား ပြုထားပါတယ်။
သမ္မတဟောင်း ယွန်းဟာ ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်နဲ့ ပုန်ကန်မှုဆိုင်ရာ တရားစွဲဆိုမှု ၁၁ ခုဆက်တိုက် ပျက်ကွက်ခဲ့ပြီးနောက် ရက်ပေါင်း ၈၅ ရက်အတွင်း ပထမဆုံး လူရှေ့ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
Source: Reuters


