
MMA ဖိုက်တာ ကော်နာမက်ဂရီဂေါရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲခံထားရတာနဲ့ ပတ်သက်တဲ့ အယူခံဝင်မှုကို အိုင်ယာလန် တရားရုံးက ပယ်ချခဲ့ပါတယ်။
မက်ဂရီဂေါဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်က နီကီတာဟန်းဆိုတဲ့ အမျိုးသမီးတယောက်ကို ဒဗ္ဗလင်မြို့ ဟိုတယ်တခုမှာ လိင်ပိုင်းဆိုင်ရာ စော်ကားပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင်က တရားစွဲထားတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က နီကီတာဟန်းကို ထိခိုက်မှုတွေအတွက် ယူရို ၂၅၀,၀၀၀ နီးပါး ပေးဆောင်ဖို့ အမိန့်ချပြီးဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဂရီဂေါဟာ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဟန်းနဲ့ ပတ်သက်မှုကလည်း နှစ်ဦးသဘောတူ ပတ်သက်မှု ဖြစ်တဲ့အကြောင်း ထွက်ဆိုထားပါတယ်။
ဒါ့အပြင် နီကီတာဟန်းကို နာကျင်အောင် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း မက်ဂရီဂေါက ငြင်းဆိုထားပါတယ်။
မက်ဂရီဂေါရဲ့ အယူခံဝင်မှုကို ဒဗ္ဗလင်မြို့ အယူခံတရားရုံးရှိ တရားသူကြီး ၃ ယောက်စလုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်။
အယူခံပယ်ချကြောင်း ကြေညာချိန်မှာ မက်ဂရီဂေါက တရားရုံးမှာ မရှိဘဲ တရားလို နီကီတာဟန်းပဲ ထောက်ခံသူတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ရဲနဲ့ မေးမြန်းတဲ့အချိန်မှာ မက်ဂရီဂေါရဲ့ ရှေ့နေတွေက မတရားအမှုဆင်ပြီး စွပ်စွဲတယ်ဆိုတာ သက်သေမပြနိုင်ဘူးလို့ တရားရုံးက တွေ့ရှိခဲ့ပါတယ်။
အဲဒီအမှုမှာ ပါဝင်ပတ်သက်သူဖြစ်တဲ့ မက်ဂရီဂေါရဲ့ သူငယ်ချင်းဖြစ်သူ ဂျိမ်းလောရင့်ရဲ့ အယူခံဝင်မှုလည်း မအောင်မြင်ခဲ့တာကြောင့် ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲခံထားရတာက မက်ဂရီဂေါရဲ့ အားကစားလောကမှာရှိတဲ့ ပုံရိပ်လွှမ်းမိုးမှုနဲ့ ကျော်ကြားမှုကို ထိခိုက်ဖွယ်ရှိပါတယ်။
ဒါ့အပြင် တချို့ပရိသတ်တွေက အားပေးမှုမလုပ်တော့သလို ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
Source: Reuters


