Home
နိုင်ငံတကာ
ထရမ့်ပ် အခွန်ကောက်ခံမှုများ ပြန်လုပ်နိုင်ဟု အယူခံတရားရုံး ခွင့်ပြု
DVB
·
May 30, 2025
Photo: CCTV, CGTN

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ပြည်ပသွင်းကုန်ခွန် ကိစ္စတွေကို ပြန်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း အယူခံတရားရုံးက ပြောပါတယ်။

ကုန်သွယ်ရေးစည်းမျဉ်းတွေအရ ထရမ့်ပ်က ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ခွန် တိုးမြှင့်ခြင်းက တရားမဝင်ဘူးလို့ တွေ့ရှိခဲ့ပြီး နောက်တရက်မှာပဲ အခုလို ပြောဆိုခဲ့တာပါ။

ဖက်ဒရယ်တရားရုံးက ‌အောက်တရားရုံးရဲ့ အမိန့်ကို အိမ်ဖြူတော်က ယာယီ ရပ်ဆိုင်းထားခွင့် ရှိတယ်လို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတရားရုံးက ထရမ့်ပ်ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ထက် ပိုပြီး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒါကို ထရမ့်ပ်အစိုးရဖွဲ့က ယာယီရပ်ဆိုင်းထားဖို့ အယူခံတင်သွင်းခဲ့ပါတယ်။

အယူခံမှာ ထရမ့်ပ်အစိုးရက ကုန်သွယ်ရေးတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သမ္မတကို မလျော်ကန်တဲ့ ဒုတိယခန့်မှန်းမှုဖြစ်တဲ့ အကြောင်းနဲ့ ကုန်သွယ်ရေးဆွေးနွေးမှုတွေ လပေါင်းများစွာ ပြုလုပ်ခဲ့တာကို ပျက်ပြားစေဖို့ ခြိမ်းခြောက်တာဖြစ်ကြောင်း ပါဝင်ပါတယ်။

အစိုးရအဖွဲ့ကသာ နိုင်ငံခြားရေးပေါ်လစီ၊ စီပွားရေးပေါ်လစီတွေကို ချမှတ်တာဖြစ်ပြီး တရားရုံးတွေက ချမှတ်တာ မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကြာသပတေးနေ့က အောက်တရားရုံးရဲ့ ထုတ်ပြန်ချက်ကို ထရမ့်ပ်က ပေါက်ကွဲခဲ့ပြီး ဆိုရှယ်မီဒီယာမှာ “အမြင့်ဆုံးတရားရုံးက ဒီဆိုးရွားတဲ့ နိုင်ငံကို ခြိမ်းခြောက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မြန်နဲ့ ပြတ်ပြတ်သားသား ပြန်ပြီး ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ရေးသားထားပါတယ်။

အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ဒီအမှုနဲ့ပတ်သက်ပြီး တရားလိုတွေကို ဇွန် ၅ ရက်နေ့မှာ တုံ့ပြန်မှုတွေပေးဖို့ ထုတ်ပြန်ခဲ့ကာ ထရမ့်ပ်အစိုးရအဖွဲ့ကိုလည်း ဇွန် ၉ ရက်နေ့လို့ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ဖက်ဒရယ်တရားရုံးစနစ်မှာ အမေရိကန်ကုန်သွယ်မှု တရားရုံးဟာ ဖက်ဒရယ် ခရိုင်တရားရုံးတွေနဲ့ အဆင့်တူညီပါတယ်။

ဒီတရားရုံးက ချမှတ်တဲ့ အမိန့်တွေကို အမေရိကန် အယူခံတရားရုံးမှာ အယူခံဝင်နိုင်ပြီး လိုအပ်ပါက အမေရိကန် အမြင့်ဆုံးတရားရုံးရဲ့ ဆုံးဖြတ်ချက် ရယူနိုင်ပါတယ်။

အောက်တရားရုံးက ထရမ့်ပ်အသုံးပြုတဲ့ ၁၉၇၇ ခုနှစ်က ထုတ်ပြန်ထားတဲ့ နိုင်ငံတကာ အရေးပေါ်စီးပွားရေးအာဏာဥပဒေတွေက လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောထားပါတယ်။

အဲဒီဖော်ပြချက်မှာ ကားတွေ၊ သံနဲ့ အလူမီနီယံတို့ မပါဝင်ပေမဲ့ တခြား စည်းကြပ်ခွန်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013