Home
မြန်မာသတင်း
အာဏာသိမ်းရာတွင်ပါဝင်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကို စစ်ဘက်တာဝန်ပြန်ပေး
DVB
·
January 1, 2026

စစ်ကောင်စီက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကို ဝန်ကြီးချုပ်တာဝန်ကနေ အနားပေးပြီး ဒုဗိုလ်ချုပ်ကြီးအဆင့်နဲ့ မူလစစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ဦးဇော်မျိုးတင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းရာမှာ ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီအချိန်က နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ ဗိုလ်ချုပ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူပါ။

ဒီနောက် ၂၀၂၁ ခုနှစ်ထဲမှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တိုးပေးခဲ့ပြီး တပ်တွင်းဝေဖန်မှုတွေ များလာချိန် ၂၀၂၂ ခုနှစ်ဇန်နဝါရီလမှာ စစ်ဘက်ကအနားပေးပြီး ကယားပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်ပြည့်မဲ့အချိန် ဗိုလ်ချုပ်ဇော်မျိုးတင်ကို ဝန်ကြီးချုပ်ကနေ အနားပေးပြီး မူလစစ်ဘက်တာဝန်ပြန်ပေးတာဟာ စစ်ရေး ဒါမှဟုတ် ရွေးကောက်ပွဲအလွန် အသစ်ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့မှာ ရာထူးကြီးပေးနိုင်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ခန့်မှန်း ပြောပါတယ်။

“သူ့ရဲ့သမိုင်းကြောင်း ကြည့်မယ်ဆိုရင် နယ်လုံဝန်ကြီးကနေ ၅ နှစ်အတွင်း ရာထူးတွေကို ခုန်ပျံ ကျော်လွှားပြီး ဒုဗိုလ်ချုပ်ကြီးဖြစ်လာတာ၊ သူ့မိသားစု ကောင်းစားဖို့ကလွဲရင် ဘာကိုမှ ခေါင်းထဲမထည့်တဲ့လူမျိုး၊ အရပ်ဘက်မှာ အကြာကြီးနေပြီးမှ ရာထူးပြန်ပေးတယ်ဆိုတာ စစ်ဆင်ရေး ဒါမှမဟုတ် နောင်အစိုးရအသစ်မှာ ကာကွယ်ရေး သို့မဟုတ် ပြည်ထဲရေး တာဝန်ပေးနိုင်တယ်။ ရွေးကောက်ပွဲပြီးလို့ ကြံ့ခိုင်ရေးက အချိုးမပြေလို့ အာဏာထပ်သိမ်းရင်တော့ သူက ဦးဆောင်နိုင်တယ်။”

ဒီလိုသုံးသပ်သူတွေရှိသလို စစ်ကောင်စီတပ်အတွင်း အသက်ကြီးနေပြီတဲ့ ဗိုလ်ချုပ်ကြီးတချို့ကို အနားပေးပြီး ဒုဗိုလ်ချုပ်ကြီးဇော်မျိုးတင်ကို ရာထူးတိုးမြှင့်ခန့်ထားနိုင်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ အထိ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးအဆင့်နဲ့ နေခဲ့ရတဲ့ ဇော်မျိုးတင်က ၂၀၁၇ မှာ ဒကစမှူး၊ ၂၀၁၉ မှာ ဗိုလ်ချုပ်အဆင့်နဲ့စစ်ရုံး၊ စခန်းမှူး၊ ၂၀၂၀ မှာ နေပြည်တော်တိုင်းမှူး၊ ၂၀၂၁ မှာ ဒုဗိုလ်ချုပ်ကြီး လေကျင့်ရေးအရာရှိချုပ်အထိ ရာထူးတိုးခဲ့သူလည်း ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်နေရာကို ဦးသိန်းစိန်လက်ထက်နဲ့ အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်နယ်အစိုးအဖွဲ့မှာ အစိုးရ ၂ ဆက်တိုင် တာဝန်ထမ်းဆောင်ဖူးတဲ့ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးကို ပြန်ခန့်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013