Home
နိုင်ငံတကာ
ချီကာဂို၊ လော့စ်အိန်ဂျလိစ်နှင့် ပို့တ်လန်းတို့မှ အမျိုးသားအစောင့်တပ်ဖွဲ့များကို ဖယ်ရှားနေပြီဟု ထရမ့်ပ်ပြော
DVB
·
January 1, 2026
Photo: REUTERS / SOCIAL MEDIA WEBSITE / ABC AFFILIATE KABC

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့အစိုးရဟာ ချီကာဂို၊ လော့စ်အိန်ဂျလိစ်နဲ့ ပို့တ်လန်း တို့မှ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို ဖယ်ရှားနေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃၁ ရက်မှာ ပြောကြားခဲ့ပေမဲ့ ရာဇဝတ်မှုနှုန်းတွေ ပြန်မြင့်တက်လာရင် ဖက်ဒရယ်တပ်ဖွဲ့တွေ ပြန်ရောက်လာမယ်လို့ သူ့ရဲ့ လူမှုမီဒီယာပို့စ်မှာ ဖြည့်စွက်ရေးသားထားပါတယ်။

“ချီကာဂို၊ လော့စ်အိန်ဂျလိစ်နဲ့ ပို့တ်လန်းမြို့တွေမှာ ဒီလိုကြီးမြတ်တဲ့ မျိုးချစ်တပ်ဖွဲ့တွေ ရှိနေခဲ့ခြင်းကြောင့်သာ ရာဇဝတ်မှုတွေ သိသိသာသာ လျော့ကျသွားပါတယ်။ ဖက်ဒရယ်အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း မရှိဘူးဆိုရင် အဲဒီမြို့တွေ ပျောက်ကွယ်သွားပြီ” လို့လည်း ဆိုပါတယ်။

ရာဇဝတ်မှုတွေ ပြန်လည်မြင့်တက်လာတဲ့အခါ ကျွန်ုပ်တို့ဟာ ကွဲပြားခြားနားပြီး ပိုမိုအားကောင်းတဲ့ ပုံစံနဲ့ ပြန်လာမယ်လို့လည်း ဆိုပါတယ်။

ဒါကို အထူးသဖြင့် ကြီးမားတဲ့ တိုးတက်မှုကို ထည့်သွင်းစဉ်းစားရင် အရည်အချင်းမပြည့်တဲ့ ဒီမိုကရက် မြို့တော်ဝန်တွေ၊ အုပ်ချုပ်ရေးမှူးတွေ အားလုံးက ကျွန်ုပ်တို့ကို ထွက်ခွာသွားစေချင်နေတာ ယုံတောင်မယုံနိုင်ဘူးလို့လည်း ထရမ့်ပ်က ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013