
ချီကာဂိုမြို့နဲ့ အီလီနွိုက်ပြည်နယ် တာဝန်ရှိသူတွေက ကန့်ကွက်နေတဲ့ကြားက မြို့ဧရိယာမှာ အမျိုးသားအစောင့်တပ်ဖွဲ့တွေ ဖြန့်ကြက်ချထားမဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်ကို အမေရိကန်တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။
သမ္မတအနေနဲ့ အခုလို အမျိုးသားအစောင့်တပ်တွေကို ဖက်ဒရယ်အာဏာအောက် သွတ်သွင်းခွင့်ဟာ ထူးခြားဖြစ်စဉ်တွေမှာသာ အကျုံးဝင်တယ်လို့ တရားရုံးချုပ်က အမိန့်ထုတ်ပြန်လိုက်တာပါ။
အီလီနွိုက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေဘီပရစ်ဇ်ကာကတော့ ဒီဆုံးဖြတ်ချက်ဟာ အီလီနွိုက်ပြည်နယ်နဲ့ အမေရိကန်ဒီမိုကရေစီအတွက် ကြီးမားတဲ့ နိုင်ပွဲတခုလို့ ပြောပါတယ်။
ဒီမိုကရက်ပါတီ လွှမ်းမိုးတဲ့ မြို့ကြီးတွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီးနင်းရှာဖွေမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာကို နှိမ်နင်းဖို့ သမ္မတထရမ့်ပ်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့နဲ့ ပြည်နှင်ဒဏ်ပေးရေး အစီအစဉ်တွေကို အထောက်အကူပြုဖို့အတွက် တပ်ဖွဲ့တွေသုံးဖို့ လိုအပ်တယ်လို့ ထရမ့်ပ်က ပြောဆိုထားတာပါ။
ဒါပေမဲ့ ချီကာဂိုက ဆန္ဒပြပွဲတွေဟာ ပုန်ကန်မှုအသွင်မဆောင်ဘူးဆိုပြီး အောက်ရုံးတရားသူကြီးက တပ်ဖွဲ့တွေစေလွှတ်မဲ့ အစီအစဉ်ကို တားမြစ်ခဲ့ဖူးပါတယ်။
ဒီဇင်ဘာ ၂၃ ရက်မှာ တရားရုံးချုပ် တရားသူကြီး ၆ ယောက်က ထောက်ခံပြီး ၃ ယောက်က ကန့်ကွက်မဲနဲ့ အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ပါတယ်။
ဒါဟာ လတ်တလောလတွေအတွင်း ထရမ့်ပ်အစိုးရဘက်က ရပ်တည်ပေးခဲ့တဲ့ တရားရုံးချုပ်ရဲ့ ရှားရှားပါးပါး ဆန့်ကျင်ဘက် ဆုံးဖြတ်ချက်တခုလည်း ဖြစ်ပါတယ်။
Source: Reuters


