
အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့ ဆင်ခြေဖုံးက ဘရော့ဒ်ဗျူးမှာရှိတဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) ရဲ့ အဆောက်အအုံ အပြင်ဘက်မှာ အောက်တိုဘာ ၁၁ ရက်က တရားမ၀င် လူစုဝေးဖို့ ကြေညာပြီးတဲ့နောက် ဆန္ဒပြသူတွေကိုဖမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့ပါတယ်။
ဆန္ဒပြသူတွေက ICE အဆောက်အအုံအပြင်ဘက်မှာ စုရုံးရင်း အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံပြည့် ဝတ်ထားပြီး သစ်သားနံပါတ်တုတ်တွေ ကိုင်ထားတဲ့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက နှိမ်နင်းမှု အရှိန်မြှင့်လာချိန်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူတချို့ အဖမ်းခံရပါတယ်။
သူတို့က မျက်ရည်ယိုဗုံးတွေ စသုံးတော့မယ်လို့ သတိပေးထားတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။
ဆန္ဒပြသူတွေက မူလစုဝေးရာနေရာမှာ ပြန်စုရုံးလာလို့ နောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ပြန်ဆုတ်ခွာခဲ့ပါတယ်။
ဒီအတောအတွင်း အီလီနွိုက်ပြည်နယ်မှာ အမျိုးသားအစောင့်တပ်တွေကို ချက်ချင်းချထားခွင့်ပြုဖို့ ထရမ့်ပ်အစိုးရရဲ့ တောင်းဆိုချက်ကို အောက်တိုဘာ ၁၁ ရက်မှာ ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချခဲ့ပြီး စည်းရုံးလှုပ်ရှားမှုကို ယာယီပိတ်ဆို့ထားဖို့ အောက်တရားရုံးက အမိန့်ထုတ်ခဲ့ပါတယ်။
Source: Reuters