
ဟန်ဂေရီနိုင်ငံမှာ အောက်တိုဘာ ၅ ရက်က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ကိုးရှုသ်ရင်ပြင်မှာ စုဝေးကြပြီး ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။
၂၀၂၆ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွေမတိုင်မီ နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှု မြင့်တက်နေပါတယ်။
နိုင်ငံရဲ့ စီးပွားရေးစိန်ခေါ်မှုတွေ ဆက်ရှိနေပြီး ငွေကြေးဖောင်းပွမှုကြောင့် ဗဟိုဘဏ်က အတိုးနှုန်း ဖြတ်တောက်မှုကို ဟန့်တားနေတဲ့အတွက် လာမယ့်နှစ်မှာ အပြင်းထန်ဆုံး ဖြစ်လာမယ်လို့ အကဲခတ်သူတွေက ဖော်ပြတဲ့ ရွေးကောက်ပွဲကို အော်ဘန် ရင်ဆိုင်နေရပါတယ်။
သူဟာ ဟန်ဂေရီနိုင်ငံကို ၂၀၁၀ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့တဲ့သူပါ။
ဆန္ဒပြပွဲစီစဉ်သူနဲ့ သြဇာရှိသူ ရောဘတ် ပူဂျာက “ခေတ်သစ်တခု ရောက်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ လူအုပ်ကိုပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောပါတယ်။
ရုရှားအစိုးရနဲ့ အော်ဘန်ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို မအောင်မြင်တဲ့ ကွန်မြူနစ် ခေါင်းဆောင်တွေနဲ့ ခိုင်းနှိုင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင် ပီတာမက်ဂျာရဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး သတိကြီးကြီးထား အကောင်းမြင်တယ်လို့ ဆန္ဒပြသူ နောဘတ်စတာနိုက ထုတ်ပြောပေမဲ့ အော်ဘန်ရဲ့ ထိန်းချုပ်မှုဟာ ပျံ့နှံ့နေတဲ့ အစိုးရရဲ့ ဝါဒဖြန့်မှုကြောင့် အားကောင်းနေဆဲဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
အော်ဘန်ရဲ့ မဟာမိတ်ဖြစ်ပြီး ဥရောပပါလီမန်မှာ ဥရောပအတွက် မျိုးချစ်များအဖွဲ့က လူကြိုက်များတဲ့ ဘီလီယံနာတယောက်ဖြစ်တဲ့ အန်ဒရေ ဘာဘီစ်ဟာ ချက်သမ္မတနိုင်ငံ ရွေးကောက်ပွဲမှာ အောက်တိုဘာ ၄ ရက်က အနိုင်ရရှိခဲ့ပါတယ်။
ဒါဟာ ဥရောပရဲ့ လူကြိုက်များရေးဝါဒီ၊ နိုင်ငံရွှေ့ပြောင်းနေထိုင်မှုကို ဆန့်ကျင်ရေး အစုအဖွဲ့ကို အားကောင်းလာစေပြီး ယူကရိန်းအတွက် ထောက်ခံမှု လျော့နည်းသွားမယ့် အချက်ပြမှု ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြထားပါတယ်။
Source: Reuters