
ဥရောပသမဂ္ဂအတွင်းမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ ဘူလ်ဂေးရီးယားနိုင်ငံဟာ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးမှာ ယူရိုငွေကြေးသုံးစွဲတဲ့ ၂၁ နိုင်ငံမြောက်နိုင်ငံ ဖြစ်လာပါတယ်။
ဒါဟာ ပိုပြီးကြွယ်ဝတဲ့ ပိုလန်၊ ချက်နဲ့ ဟန်ဂေရီတို့လို နိုင်ငံတွေထက်အရင် ယူရိုငွေကြေး သုံးလာနိုင်တာလည်း ဖြစ်ပါတယ်။
မြို့ပြနေ လူငယ်တွေက ဒါကို စီးပွားရေးအခွင့်အလမ်းအဖြစ် ရှုမြင်ကြပေမဲ့ ကျေးလက်နေ ပြည်သူတွေကတော့ ယူရိုငွေကြေးကြောင့် ကုန်ဈေးနှုန်းတွေ တက်လာမှာကို စိုးရိမ်နေကြပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေပြီး လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ရွေးကောက်ပွဲ ၇ ကြိမ် ကျင်းပခဲ့ရသလို ဝန်ကြီးချုပ် ရိုဆန် ဇယ်လ်ရက်ဇ်ကော့ဗ်ရဲ့ အစိုးရအဖွဲ့ဟာလည်း ဒီဇင်ဘာ ၁၁ ရက်ကမှ အယုံအကြည်မရှိအဆို ရှုံးနိမ့်ပြီး ပြုတ်ကျခဲ့ပါတယ်။
သမ္မတ ရူမန်ရာဒက်ဗ် ကတော့ ယူရိုဇုန်ဝင်ရောက်မှုကို ကြိုဆိုပေမဲ့ ဒီကိစ္စအတွက် ပြည်သူ့ဆန္ဒခံယူပွဲ မလုပ်ပေးနိုင်ခဲ့တာကို ဝမ်းနည်းမိကြောင်း ပြောပါတယ်။
နိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိခိုက်မှာ စိုးရိမ်သူတွေအတွက်တော့ ယူရိုဒင်္ဂါးပြားသစ်တွေပေါ်မှာ ဘူလ်ဂေးရီးယား သမိုင်းဝင်ပုဂ္ဂိုလ်ပုံတွေကို ထည့်သွင်း ပုံဖော်ထားပါတယ်။
ကူးပြောင်းကာလဖြစ်တဲ့ ဇန်နဝါရီ တလလုံးမှာတော့ ပြည်တွင်းသုံးငွေ လက်ဗ် (Lev) နဲ့ ယူရိုငွေကြေး နှစ်မျိုးစလုံးကို တွဲဖက်သုံးစွဲခွင့် ပြုထားပါတယ်။
Source:Reuters


