
ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းတခု အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေကို ဒီဇင်ဘာ ၃၀ ရက်က တိုက်ခတ်ခဲ့အပြီး နယူးယောက်၊ ရိုချက်စတာမြို့လယ်မှာ နှင်းတွေကျနေတာကို မြင်တွေ့ရပါတယ်။
နယူးယောက်ပြည်နယ် အထက်ပိုင်းမှာ အမျိုးသားမိုးလေဝသဌာန (NWS)က ဆောင်းရာသီ မိုးလေဝသ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချူးက အခြေအနေတွေ ပိုဆိုးလာမှာကို ကြိုတင်ခန့်မှန်းပြီး ပြည်နယ်တဝန်း အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
နယူးယောက် အနောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ဒီသီတင်းပတ်အတွင်း နှင်းထု ၃ ပေလောက် အထိကျနိုင်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
Source:Reuters


