
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့မှာ ၉၉ ကြိမ်မြောက် မေစီ ကျေးဇူးတော်နေ့အဖြစ် လူကြိုက်များတဲ့ ရုပ်ရှင်ဇာတ်ကောင် အရုပ်ကြီးတွေနဲ့ စီတန်းလှည့်လည်ပွဲကို နိုဝင်ဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအရုပ်ကြီးတွေထဲမှာ Dora the Explorer ကာတွန်းကားထဲက ဇာတ်ကောင်ရုပ်ကြီးတွေ၊ SpongeBob SquarePants ကာတွန်းကားက အရုပ်ကြီးတွေ၊ Spider Man အရုပ်ကြီးတွေ လေပေါ်မှာ ပျံပြီး သယ်ဆောင်ခဲ့ကြတာကို မန်ဟတ်တန်လမ်းမတွေပေါ်မှာ စီတန်းလှည့်လည်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီအရုပ်ကြီးတွေထဲမှာ Gaby’s Dollhouse ကာတွန်းကားက အရုပ်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။
KPOP Demon Hunter ဇာတ်ကားရဲ့ တေးသံရှင်တွေဖြစ်တဲ့ ကိုရီးယားကေပေါ့ အဆိုတော် အီဂျေ၊ အူဒရေဟူနာ၊ ရိုင်းအေမီတို့လည်း ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။
မေစီ ကျေးဇူးတော်နေ့ စီတန်းလှည့်လည်ပွဲကို နယူးယောက်မြို့သားတွေ ထောင်နဲ့ချီပြီး စောင့်ကြည့်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
၁၉၂၄ ခုနှစ်က စတင်ပြုလုပ်ခဲ့တဲ့ မာစီ လှည့်လည်ပွဲကို နှစ်စဉ် လူသန်းနဲ့ ချီစောင့်ကြည့်မှုတွေ ပြုလုပ်လေ့ရှိတဲ့ ပွဲတော်ခုဖြစ်ပါတယ်။ မာစီ စီတန်းလှည့်လည်ပွဲကို ၂၀၂၃ ခုနှစ်က စပြီး ၃ နာရီကနေ ၃ နာရီ မိနစ် ၃၀ အထိ တိုးမြှင့်ခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အကြိမ် ၁၀၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။
Source:Reuters


