
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအသစ်အရ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ထိုင်းနိုင်ငံက ပြန်လွှတ်ပေးခဲ့ပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းနယ်စပ် ဖဆာပရွန်မှာ ကမ္ဘောဒီးယားစစ်သားတွေကို ထိုင်းစစ်တပ်က ပြန်လွှတ်ပေးခဲ့တာပါ။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီမှာ နိုင်ငံတာဝန်ရှိသူတွေ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။
နယ်စပ်ပဋိပက္ခမှာ ရက်ပေါင်း ၂၀ ကြာ တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၁၀၁ ယောက် သေဆုံးခဲ့ကာ ၂ နိုင်ငံစလုံးက စစ်ဘေးရှောင် ၅ သိန်းကျော် ရှိခဲ့ပါတယ်။
စစ်သားတွေကို ဒီဇင်ဘာ ၃၀ ရက်မှာ လွှဲပြောင်းပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ အပစ်ရပ်ရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက ဒရုန်း ၂၅၀ စေလွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။
စစ်သားတွေကို ဗုဒ္ဓဟူးနေ့ မနက် ၁၀ နာရီမှာ လွှဲပြောင်းပေးခဲ့တယ်လို့ ကမ္ဘောဒီးယားက ပြောပါတယ်။ အဲဒီစစ်သားတွေကို ထိုင်းနိုင်ငံက ၁၅၅ ရက်ကြာ ထိန်းသိမ်းထားတာပါ။
ကမ္ဘောဒီးယားစစ်သားတွေကို နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေတွေ၊ မူတွေနဲ့ ထိန်းသိမ်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Source: Reuters


