
အာဆင်နယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နည်းပြအာတေတာကို လက်ဆွဲနှုတ်ဆက်ခဲ့ ခြင်းမရှိဘဲ ထွက်ခွာသွားတဲ့ အပေါ် ဗီလာနည်းပြအူနိုင်းအမ်မရီက ဖြေရှင်းသွားပါတယ်။
ဗီလာအသင်းဟာ အာဆင်နယ်နဲ့ ပထမအကျော့မှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပေမဲ့ ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ဒီပွဲအပြီးမှာ နည်းပြအာတေတာနဲ့ လက်ဆွဲနှုတ်ဆက်ခြင်း မရှိခဲ့တဲ့အပေါ် မီဒီယာ က မေးမြန်းရာမှာတော့ ပွဲအပြီးမှာ လက်ဆွဲနှုတ်ဆက်ဖို့ မိမိဘက်က စောင့်မျှော်နေခဲ့ပေမဲ့ နည်းပြအာတေတာက သူ့ရဲ့ နည်းပြအဖွဲ့နဲ့ အရင်ပွေ့ဖက်နေတာကြောင့် လက်ဆွဲနှုတ်ဆက်ခြင်း မရှိခဲ့တာဖြစ်ကြောင်း အမ်မရီက ပြောပါတယ်။
မိမိအနေနဲ့ ပွဲပြီးတိုင်းမှာ ပြိုင်ဘက်နည်းပြနဲ့ ဦးစွာနှုတ်ဆက်ပြီးမှသာ တခြားအရာတွေ ဆက်လက်လုပ်ဆောင်ကြောင်း၊ နည်းပြအာတေတာက အဲဒီလို လုပ်ဆောင်ခြင်းမရှိဘူးဆိုရင် မိမိအနေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ စောင့်မျှော်နိုင်မှာမဟုတ်ကြောင်း အမ်မရီက ပြောသွားပါတယ်။
အသင်းဟောင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ပျော်ရွှင်နေဆဲဖြစ်ပြီး အာဆင်နယ် ကို ဂုဏ်ပြုကြောင်း နည်းပြအမ်မရီက ပြောသွားပါတယ်။
Photo:Reuters


