
စပိန်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီတင်းပတ်ကုန်အတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၉ ရက်မှာ စပိန်အရပ်ဘက်ကာကွယ်ရေးအဖွဲ့ဟာ ပျောက်ဆုံးနေသူ ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို အန်ဒါလူစီယာဒေသရှိ အီလ်ယိုရာနဲ့ အယ်လ်ရောက်ရင်း နယ်လ်ဂရန်ဒီတို့မှာ တွေ့ရှိခဲ့ပါတယ်။
မြစ်ကမ်းပါးတွေ ရေလျှံမှုကြောင့် မော်တော်ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို ရေတိုက်စား ဆွဲချသွားတာကြောင့် အာဏာပိုင်တွေဟာ ဒေသခံတွေကို အိမ်တွင်းမှာသာ နေထိုင်ကြဖို့ သတိပေးခဲ့ပါတယ်။
မြေထဲပင်လယ်ရှိ စပိန်နိုင်ငံရဲ့ ဘာလီယာရစ်ကျွန်းစုတွေထဲက တခုဖြစ်တဲ့ အီဘီဇာကျွန်းမှာတော့ ရှားရှားပါးပါး ရာသီဥတုဖြစ်ရပ်တခုအနေနဲ့ မိုးသီးကြွေကျမှုကို ဒီဇင်ဘာ ၂၉ ရက်မှာ ကြုံတွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း မုန်တိုင်းတွေဟာ အရှေ့ပိုင်းနဲ့ တောင်ပိုင်း စပိန်ဒေသတွေကို ဆက်လက် တိုက်ခတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက လူ ၂၂၀ ကျော်သေဆုံးပြီး ယူရိုဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ ဗလန်စီယာမြို့မှာတော့ အာဏာပိုင်တွေဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ အနီရောင်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး အိမ်တွင်းမှာနေထိုင်ကြဖို့နဲ့ ကုန်းမြင့်ဒေသတွေမှာ နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။
Source: Reuters


