
စပိန်နိုင်ငံ ဖဲရနိစ်တောင်တန်းဒေသရှိ နာမည်ကျော် နှင်းလျှောစီး အပန်းဖြေမြို့ဖြစ်တဲ့ ပန်တီကိုဆာရှိ ပီကိုတာဘလာတို နှင်းလျှောစီးအပန်းဖြေစခန်းအနီး အနောက်ဘက်ခြမ်းမှာ နှင်းထုပြိုကျလို့ လူ ၃ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရရှိခဲ့ကြောင်း စပိန် အရပ်ဘက်အစောင့်တပ်ဖွဲ့က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။
နိုင်ငံဖြတ်ကျော် နှင်းလျှောစီးတဲ့ လူ ၆ ယောက်အဖွဲ့က အမျိုးသား ၂ ယောက်၊ အမျိုးသမီးတယောက်၊ ပေါင်း ၃ ယောက် သေဆုံးသွားခဲ့တာပါ။
တယောက် ဒဏ်ရာရရှိခဲ့ပြီး ကျန်အဖွဲ့ဝင် ၂ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ပြီး အကူအညီ တောင်းခံနိုင်ခဲ့ပါတယ်။
အမျိုးသမီးတယောက်ဟာ ကိုယ်အပူချိန်ကျဆင်းမှုကြောင့် ဒဏ်ရာအပေါ့စား ရရှိခဲ့ပြီး တခြားနှင်းလျှောစီးသမား ၂ ယောက်မှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ထပ်လောင်း ပြောပါတယ်။
Source: Reuters


