
နာပိုလီတိုက်စစ်မှူး ဟွိုက်လန်းဟာ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူး ၅ ယောက် စာရင်းမှာပါဝင်နိုင်သူ ဖြစ်ကြောင်း အီတလီတိုက်စစ်မှူးဟောင်း ခရစ္စတီယန် ဗီယာရီက ချီးကျူးသွားပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ မန်ယူနိုက်တက်ကနေ အငှားစာချုပ်နဲ့ လာရောက်ကစားနေတာဖြစ်ပြီး ၇ ဂိုးသွင်း ၃ ကြိမ်ဂိုးဖန်တီးပြီး ခြေစွမ်း ပြနေတာပါ။
ဟွိုက်လန်းက ဂိုးတွေသွင်းယူနိုင်စွမ်းရှိသလို ကွင်းလယ်အထိ ဆင်းပြီးလည်း ခံစစ်ကစားနိုင်ကြောင်း၊ သန်မာတဲ့ ဘယ်ခြေကန်ချက်တွေရှိသလို ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ခေါင်းတိုက်ရာမှာလည်း ကောင်းမွန်သူဖြစ်လို့ တိုက်စစ်မှူးတယောက်မှာ ရှိသင့်တဲ့အရာအားလုံးရှိ သူဖြစ်ကြောင်း ဗီယာရီကချီးကျူးပါတယ်။
ဟွိုက်လန်းက ကမ္ဘာ့ထိပ်တန်း ၅ ယောက် စာရင်းမှာပါဝင်လာနိုင်ပြီး တိုက်စစ်မှူးလူကာကူ ပြန်ကစားနိုင်မယ်ဆိုရင်လည်း ဟွိုက်လန်းကို အရန်ထိုင်ခုံပို့လို့ မရနိုင်ကြောင်း အီတလီနာမည်ကျော်တိုက်စစ်မှူးဟောင်း ဗီယာရီက ပြောပါတယ်။
Photo: Reuters


