
စပို့တင်းလစ္စဘွန်းအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးစလုံးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဟွိုက်လန်းကို အသင်းဖော်ကွင်းလယ်လူ ကီဗင်ဒီဘရိုင်းက ချီးကျူးသွားပါတယ်။
မန်ယူနိုက်တက်ကနေ အငှားလာကစားနေတဲ့ ဒိန်းမတ်တိုက်စစ်မှူးဟာ ပွဲချိန် ၃၆ မိနစ်နဲ့ ၇၉ မိနစ်တွေမှာ ၂ ဂိုးသွင်းခဲ့ပြီး စပို့တင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူနိုင်ခဲ့တာပါ။
ရက်စ်မက်ဟွိုက်လန်းက တိုက်စစ်မှူးတယောက်အနေနဲ့ အရည်အချင်းကောင်းတွေ အများကြီးရှိပြီး ဂိုးသွင်းဖို့လည်း ဆာလောင်နေသူဖြစ်လို့ ဒီလိုကစားသမားရှိတာက အသင်းအတွက် အရေးပါကြောင်း ဒီဘရိုင်းက ပြောပါတယ်။
တိုက်စစ်မှူး ဟွိုက်လန်းကတော့ ဒီဘရိုင်းလို ပါရမီရှင်ကစားသမားနဲ့ တွဲဖက်ကစားရတာက အထူးကောင်းမွန်ပြီး နေရာလွတ်တွေဆီရောက်တာနဲ့ ဘောလုံးပေးဖို့ အသင့်ရှိနေသူဖြစ်ကြောင်း ပြန်လည်ချီးကျူးသွား ပါတယ်။
Photo;Reuters




