
မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အရောင်းစာရင်းတင်ထားတဲ့ ကစားသမားတွေကို အသင်းပြောင်းရွှေ့ခွင့် ပြုခဲ့ပါတယ်။
တိုက်စစ်မှူး ဟွိုက်လန်းကို နာပိုလီအသင်းဆီ အငှားချခဲ့ပြီး ဆန်ချိုကို အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ တရာသီ အငှားစာချုပ်နဲ့ အက်စ်တန်ဗီလာဆီ ပြောင်းရွှေ့ခွင့် ပြုခဲ့တာပါ။
အလားတူ နောက်ထပ်ကစားသမားတယောက်ဖြစ်တဲ့ အန်တိုနီကိုတော့ ဘက်တစ်အသင်းဆီ ပေါင် ၂၅ သန်းနဲ့ အပြီးသတ် ရောင်းချခဲ့တာပါ။
အိုင်းယက်စ်ကနေ ခေါ်ယူစဉ်က ပေါင် ၈၆ သန်း ပေးချေခဲ့ရတဲ့ မန်ယူအသင်းဟာ ပေါင်သန်း ၆၀ လောက် အရှုံးပေါ်ခဲ့ရတာပါ။
ယူနိုက်တက်ဟာ ဂါနာချိုကိုလည်း ချဲလ်ဆီးအသင်းဆီ ပေါင်သန်း ၄၀ နဲ့ ရောင်းချခဲ့ပြီး နောက်ခံလူ လင်ဒီလော့ဖ်ကတော့ အက်စ်တန်ဗီလာအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
ကစားသမားအဝင်အဖြစ် ဂိုးသမား လမ်မန်စ်ကို ပေါင် ၂၁ ဒသမ ၇ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပါတယ်။




