
မန်ယူတိုက်စစ်မှူး ဟွိုက်လန်းဟာ အီတလီလိဂ်ချန်ပီယံ နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
မန်ယူအသင်းဟာ ဘင်ဂျမင်ဆက်စ်ကို ကို ခေါ်ယူခဲ့ပြီးနောက် ဟွိုက်လန်းကို အပြီးသတ်ရောင်းချဖို့ ပြင်ဆင်ထားတာပါ။
ကနဦးမှာ အေစီမီလန်အသင်းက အငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အပြီးသတ် ရောင်းချလိုတာကြောင့် အဆင်မပြေခဲ့ပြီးနောက် နာပိုလီအသင်းက အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးလာခဲ့တာပါ။
နာပိုလီအနေနဲ့ ကနဦးမှာ အငှားစာချုပ်နဲ့ ခေါ်ယူမှာဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ အပြီးသတ် ဝယ်ယူခွင့်နဲ့ ကမ်းလှမ်းမှာဖြစ်တာကြောင့် မန်ယူအသင်းက လက်ခံသွားဖို့ရှိကြောင်း အီတလီ ဂျာနယ်လစ် ဒီမာဇီယိုက ဖော်ပြပါတယ်။
နာပိုလီဟာ တိုက်စစ်မှူး လူကာကူကို ဒဏ်ရာကြောင့် ၃ လလောက် လက်လွှတ်ရမှာဖြစ်တဲ့အတွက် ဟွိုက်လန်းကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။