
မန်ယူတိုက်စစ်မှူးဟွိုက်လန်းကိုခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အေစီမီလန်အားကစားဒါရိုက်တာ အစ်ဂ်လီတာရီက အတည်ပြုသွားပါတယ်။
အသက် ၂၂ နှစ်ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ အာဆင်နယ်နဲ့ ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး အသင်းပြောင်းရွှေ့နိုင်ကြောင်း နည်းပြအာမိုရင်က အတည်ပြုထားသူပါ။
ဟွိုက်လန်းက ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် ပြန်လည်သုံးသပ်မှု ရှိနေကြောင်း၊ အပြောင်းအရွှေ့က ကြိုတင်ခန့်မှန်းလို့တော့ မရနိုင်ကြောင်း အေစီ ဒါရိုက်တာ အစ်ဂ်လီတာရီက ပြောပါတယ်။
ဒါ့အပြင် ဂျူဗင်တပ်တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကိုလည်း စိတ်ဝင်စားကြောင်း အတည်ပြုခဲ့ပြီး တိုက်စစ်မှူးသစ်ဟာ အသင်းမှာရှိတဲ့ကစားသမားတွေထက်ပိုပြီး လုပ်ပြနိုင်သူဖြစ်ဖို့ လိုကြောင်းလည်း အေစီအားကစားဒါရိုက်တာက ပြောသွားပါတယ်။
Photo: Reuters